Posts

ကိုစိုးထိုက်(ဖဒို)-ဖားစည်သံအမှန်တို့ လွင်ပါစေ

Image
  ဖားစည်သံအမှန်တို့ လွင်ပါစေ  ကိုစိုးထိုက်(ဖဒို) စာအုပ်ရဲ့  အခန်း(၁) မှာ ကတည်းကတိုင်  ဤစာအုပ်အား လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲကြီးသော အမည်းရောင် နှလုံးသားပိုင်ရှင်များ ဖတ်ရှုရန် မသင့်ပါ။  ဆိုပြီး ရေးထားတာပါ  ဖတ်ရှုရန် မသင့်ပါ ဆိုပေမယ့် စွဲ တွေကို  ဖတ်ကြည့်စေချင်ပါတယ်  ဖားစည်သံ က ဖြစ်ရပ်မှန် ဝတ္တု သီးသန့် မဟုတ်ပေမယ့် ဖြစ်နေတာတွေ အပေါ် အခြေခံ ထားတဲ့ ဝတ္တုပါ  ဖားစည်သံက ကရင်ပြည်နယ်ရဲ့ အလှတရားတွေ အကြောင်း ရေးထားတာ ကို ဖတ်ရမဲ့ စာအုပ်မျိုး မဟုတ်ပါဘူး  ပြည်တွင်း စစ် ရဲ့ ဆိုးကြိုး ပြည်တွင်းစစ်မှာ ရှိနေကြတဲ့ တိုင်းရင်းသား တွေရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း ကို ဝမ်းနည်းစွာ  ဖတ်ရမှာပါ  ပြီးတော့  ဖားစည်သံ က ဘာသာရေး ကိုးကွယ်ယုံကြည်မှု များစွာ ကို ရေးပြထားပြီး  မည်သူမဆို လူကို လူလို့ပဲ မြင်ရပါမယ် အမျိုးအစား ခွဲခြားတာ ဟာ အပေါင်း လက္ခဏာ ဆောင်မဲ့ လုပ်ဆောင်ချက် မဟုတ်ပါဘူး  အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်  ခေါင်းဆောင်တွေတင် သာမက လူတွေအားလုံးက အစွဲတွေ အားလုံးဖြုတ်ချပြီး နားလည်ဖို့ လိုအပ်ပါတယ် တစ်ခါတလေ အချို့ တိုင်းရင်းသားတွေက အ...

ကိုစိုးထိုက်(ဖဒို)-မြေစာပင်

Image
ကိုစိုးထိုက်(ဖဒို)-မြေစာပင်  ကိုစိုးထိုက်(ဖဒို)-မြေစာပင်  ဟိုနေ့က ဆရာကိုစိုးထိုက် နဲ့ ငါဒို့စာပေ zoom meetingမှာ ကတည်းက တိုင်  မြေစာပင်ရော ဖားစည်သံ ပါ ဖတ်ဖို့ စိတ်ကူးထားတာပါ  ဟိုနေ့က ကိုစိုးထိုက် ကိုယ်တိုင်က  ဒီ မြေစာပင် ထဲက ဘုန်းကြီးနေရာ မှာ ဘုန်းကြီး ဆိုတာကြီး ထည့်ရေးရမှာကို  သူကိုယ်တိုင်က ရေး မထွက်လို့  ဘုန်းကြီး တပည့်အနေနဲ့ အစားထိုးလိုက်ရတာပါ ဆိုပြီး  Spoiler လုပ်ထားတော့  မြေစာပင် စဖတ်ကတည်းကတိုင်  ကိုယ်ကလည်း စိတ်ကို ဖော့ပြီး ဖတ်နေရတာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ  ဒီမြေစာပင် စာအုပ်‌က  ဘယ်လို လူပဲဖြစ်ဖြစ် အခုခေတ် အခုချိန်တွေက ပိုပြီး  ဖတ်လို့ ကောင်းတဲ့ စာအုပ်ပါ  ကြိုသတိပေးချင်တာကတော့  ဆရာလင်းခါးရဲ့ စမ်းရေကြည်နု ဖတ်ပြီး  ဒီ မြေစာပင် နဲ့  ဆက်တိုက် မဖတ်ဖြစ်ပါစေနဲ့ လို့  ကြားထဲမှာ ဆရာမချိုပိန်းနောင်ရဲ့ ၁၀လွှာ လိုမျိုးလေးပါ ကြားချ ပြီး ဖတ်ဖို့ အကြံပြုပါတယ်  ဒီစာအုပ် ဖတ်ပြီးရင်တော့  ကုသိုလ် လုပ်ဖို့  ကလေးတွေ ဘယ်လောက် ဒုက္ခရောက်နေတာမျိုး မရှာပဲ  ကလေးတွေ ဘယ်လောက် ထူးချွန်သွားတဲ့သူ ရှိလ...

မသီတာ(စမ်းချောင်း) - ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင်(ဘာသာပြန်)

Image
  ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သတ်တဲ့ စာအုပ် ဖတ်ချင်လို့ လိုက်ရှာရင်း များစွာ ရှိပေမယ့်  ဆရာမ မသီတာ (စမ်းချောင်း) ဘာသာပြန်ထားတာ တွေ့တာနဲ့ ‌ရွေးချယ်ခဲ့လိုက်တာပါ  စာအုပ်က ဖတ်ရတာ ကောင်းတယ် ပျင်းစရာ ကောင်းတာ မျိုး မဖြစ် စေ ဘူး  သုတ ‌ေရာ ရသ ပါ နှစ်ခုလုံး ဖတ်ရမဲ့စာအုပ်ပါ  ခင်များဟာ  ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သတ် စာအုပ် ရှာနတာ ဆိုရင်တာ့  ဒီစာအုပ် လေးကို အကြံပြုပါတယ် ဘာသာပြန်သူကလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ ရေး လှုပ်ရှားမှုတွေ နဲ့အတူ အနီးဆုံး ရှိနေတဲ့ ဆရာမ မသီတာ ကိုယ်တိုင် ဖြစ်နေတော့ စာအုပ်က ပိုပြည့်စုံသွားစေပါတယ် #mhreviewandsharing #mhrands

ချိုပိန်းနောင် - ၁၀ လွှာ

Image
  ခင်များ ဟာ  ပစ္စုန်ပန် အနေအထား နဲ့  ရသ စာအုပ် တစ်အုပ် ရှာ နေတာ ဆိုရင် ဆရာမ ချိုပိန်းနောင် ရဲ့ ၁၀ လွှာ ကို ဖတ်ပါ  #mhreviewandsharing #mhrands

လင်းခါး - စမ်းရေကြည်နု

Image
  လင်းခါး=စမ်းရေကြည်နု Pre-order တင်ဖို့ စာအုပ်နာမည် တွေ့တာနဲ့တင် ဘာလိုလဲဟ ပေါ့ စာအုပ် စစခြင်း နိုင်ငံ အရေးအခင်းနဲ့ စ ထားပြီး ‌‌လက်ရှိအခြေအနေ လူတန်းစားတစ်ရပ်ရဲ့ စိတ်ခံစားမှု ‌အကြောင်းအမျိုးမျိုးအခြေအနေတွေနဲ့ ဇတ်လမ်းတည်ပြီး အဆုံးထိ ဆွဲဆောင်မှုရှိတဲ့ စမ်းရေကြည်နုပါ အခြားသူတွေက ဖတ်ပြီး လင်းခါး နာမည်နဲ့လိုက်အောင် ခါးလိုက်တာ ဆိုပေမယ့် ကျတော်ကတော့ လုံးဝ မခါးပါဘူး ဒီစာအုပ်ရဲ့ အဓိက ဇတ်ကောင်ရဲ့ အနေအထားကို ပေါ်လွင်အောင် ဇတ်လမ်းတွေ ဘယ်လိုပဲ ခါးထားပေမယ့် ‌စာအုပ်နောက်ဆုံး အထိ ဖတ်ပြီးတာနဲ့ motivationဖြစ်စေမဲ့ စာအုပ်ပါ အကြိုက်ဆုံး အချက်က=လက်ရှိ အခြေအနေတွေကို ရေးထားပြီး မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဇတ်လမ်းမျိုး မဖြစ်စေတာ သဘောမကျတ‌ဲ့အချက်က အချို့ဇတ်ကောင်တွေကို မလိုအပ်ပဲ အကျယ်တဝံ့ဇွတ်ခါးထားတာကိုပါပဲ #mhreviewandsharing #mhrands

ကြည်အေး - တမ်းတတတ်သည်။

Image
  * ကြည်အေး တမ်းတတတ်သည် * ဟိုတစ်နေ့က ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ ရှာနေရင်းနဲ့ ကြည်အေး ဆိုတဲ့ နာမည်တွေ့တာနဲ့ ယုံကြည်စွာ ရွေးချယ်ခဲ့လိုက်တာပါ စာအုပ်လေးက ပုံမှန်မျက်နှာဖုံလေး ကြည့်ရင်တော့ ပုံမှန် အချစ်ဝတ္တုလေး လို့ ထင်မိကြမှာပါ တကယ် ဖတ်ကြည့်တော့ အချစ်ဝတ္ထုပုံစံကြီးမျိုး မဟုတ်ပဲ အချစ်တွေရော နိုင်ငံရေးတွေရော လူ့သဘောသဘာဝတွေရော စိတ်ခံယူချက်တွေရော အလွမ်းတွေရော အမျိုးမျိုးခံစားလို့ ရတဲ့ စာအုပ်လေး ပါ စာအုပ်ရဲ့ ဇတ်လမ်းလေးက ၁၉၃၀ လောက်က ဇတ်လမ်းပုံစံမျိုး ဖြစ်ပေမယ့် အခု ခေတ်အနေနဲ့လဲ ခံစားလို့ရတဲ့ လိုက်ဖတ်နေတဲ့ ဇတ်လမ်းပါပဲ အလွမ်းအဆွေးဓါတ်ခံ ရှိတဲ့သူဆိုရင်တော့ Titleလေး အတိုင်းပဲ တမ်းတစရာ မရှိရင်တောင် တစ်ခုခုကို လုံးဝ တမ်းတနေရမှာ အမှန်ပါပဲ ဒီစာအုပ်မှာတော့ အဓိက ဇတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ၁၉နှစ်သား လူငယ်လေး "အပါ" ဆိုတဲ့ ကောင်လေးနဲ့ ကောင်လေးထက် အသက်ကြီးတဲ့ "ထိပ်တင်မထွေး" ဆိုတဲ့ လူငယ်နှစ်ဦးရဲ့ စိ‌တ်နေသဘောထား ခံစားချက်တွေနဲ့ စာအုပ်တစ်အုပ်လုံးကို အသက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ် စစခြင်းမှာ " အပါ "ဆိုတဲ့ ကောင်လေးက လုံးဝ လွမ်းဆွတ်တမ်းတနေကြောင်းကို ရသစုံလင်စွာ ဖော်ပြနေပြီး တော့ တမ်းတတတ်သည်...