Posts

Showing posts from September, 2020

ချိုပိန်းနောင် - ၁၀ လွှာ

Image
  ခင်များ ဟာ  ပစ္စုန်ပန် အနေအထား နဲ့  ရသ စာအုပ် တစ်အုပ် ရှာ နေတာ ဆိုရင် ဆရာမ ချိုပိန်းနောင် ရဲ့ ၁၀ လွှာ ကို ဖတ်ပါ  #mhreviewandsharing #mhrands

လင်းခါး - စမ်းရေကြည်နု

Image
  လင်းခါး=စမ်းရေကြည်နု Pre-order တင်ဖို့ စာအုပ်နာမည် တွေ့တာနဲ့တင် ဘာလိုလဲဟ ပေါ့ စာအုပ် စစခြင်း နိုင်ငံ အရေးအခင်းနဲ့ စ ထားပြီး ‌‌လက်ရှိအခြေအနေ လူတန်းစားတစ်ရပ်ရဲ့ စိတ်ခံစားမှု ‌အကြောင်းအမျိုးမျိုးအခြေအနေတွေနဲ့ ဇတ်လမ်းတည်ပြီး အဆုံးထိ ဆွဲဆောင်မှုရှိတဲ့ စမ်းရေကြည်နုပါ အခြားသူတွေက ဖတ်ပြီး လင်းခါး နာမည်နဲ့လိုက်အောင် ခါးလိုက်တာ ဆိုပေမယ့် ကျတော်ကတော့ လုံးဝ မခါးပါဘူး ဒီစာအုပ်ရဲ့ အဓိက ဇတ်ကောင်ရဲ့ အနေအထားကို ပေါ်လွင်အောင် ဇတ်လမ်းတွေ ဘယ်လိုပဲ ခါးထားပေမယ့် ‌စာအုပ်နောက်ဆုံး အထိ ဖတ်ပြီးတာနဲ့ motivationဖြစ်စေမဲ့ စာအုပ်ပါ အကြိုက်ဆုံး အချက်က=လက်ရှိ အခြေအနေတွေကို ရေးထားပြီး မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဇတ်လမ်းမျိုး မဖြစ်စေတာ သဘောမကျတ‌ဲ့အချက်က အချို့ဇတ်ကောင်တွေကို မလိုအပ်ပဲ အကျယ်တဝံ့ဇွတ်ခါးထားတာကိုပါပဲ #mhreviewandsharing #mhrands

ကြည်အေး - တမ်းတတတ်သည်။

Image
  * ကြည်အေး တမ်းတတတ်သည် * ဟိုတစ်နေ့က ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ ရှာနေရင်းနဲ့ ကြည်အေး ဆိုတဲ့ နာမည်တွေ့တာနဲ့ ယုံကြည်စွာ ရွေးချယ်ခဲ့လိုက်တာပါ စာအုပ်လေးက ပုံမှန်မျက်နှာဖုံလေး ကြည့်ရင်တော့ ပုံမှန် အချစ်ဝတ္တုလေး လို့ ထင်မိကြမှာပါ တကယ် ဖတ်ကြည့်တော့ အချစ်ဝတ္ထုပုံစံကြီးမျိုး မဟုတ်ပဲ အချစ်တွေရော နိုင်ငံရေးတွေရော လူ့သဘောသဘာဝတွေရော စိတ်ခံယူချက်တွေရော အလွမ်းတွေရော အမျိုးမျိုးခံစားလို့ ရတဲ့ စာအုပ်လေး ပါ စာအုပ်ရဲ့ ဇတ်လမ်းလေးက ၁၉၃၀ လောက်က ဇတ်လမ်းပုံစံမျိုး ဖြစ်ပေမယ့် အခု ခေတ်အနေနဲ့လဲ ခံစားလို့ရတဲ့ လိုက်ဖတ်နေတဲ့ ဇတ်လမ်းပါပဲ အလွမ်းအဆွေးဓါတ်ခံ ရှိတဲ့သူဆိုရင်တော့ Titleလေး အတိုင်းပဲ တမ်းတစရာ မရှိရင်တောင် တစ်ခုခုကို လုံးဝ တမ်းတနေရမှာ အမှန်ပါပဲ ဒီစာအုပ်မှာတော့ အဓိက ဇတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ၁၉နှစ်သား လူငယ်လေး "အပါ" ဆိုတဲ့ ကောင်လေးနဲ့ ကောင်လေးထက် အသက်ကြီးတဲ့ "ထိပ်တင်မထွေး" ဆိုတဲ့ လူငယ်နှစ်ဦးရဲ့ စိ‌တ်နေသဘောထား ခံစားချက်တွေနဲ့ စာအုပ်တစ်အုပ်လုံးကို အသက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ် စစခြင်းမှာ " အပါ "ဆိုတဲ့ ကောင်လေးက လုံးဝ လွမ်းဆွတ်တမ်းတနေကြောင်းကို ရသစုံလင်စွာ ဖော်ပြနေပြီး တော့ တမ်းတတတ်သည်...