ကိုစိုးထိုက်(ဖဒို)-မြေစာပင်
ကိုစိုးထိုက်(ဖဒို)-မြေစာပင်
ဟိုနေ့က ဆရာကိုစိုးထိုက် နဲ့ ငါဒို့စာပေ zoom meetingမှာ ကတည်းက တိုင်
မြေစာပင်ရော ဖားစည်သံ ပါ ဖတ်ဖို့ စိတ်ကူးထားတာပါ
ဟိုနေ့က ကိုစိုးထိုက် ကိုယ်တိုင်က
ဒီ မြေစာပင် ထဲက ဘုန်းကြီးနေရာ မှာ ဘုန်းကြီး ဆိုတာကြီး ထည့်ရေးရမှာကို
သူကိုယ်တိုင်က ရေး မထွက်လို့
ဘုန်းကြီး တပည့်အနေနဲ့ အစားထိုးလိုက်ရတာပါ ဆိုပြီး
Spoiler လုပ်ထားတော့
မြေစာပင် စဖတ်ကတည်းကတိုင်
ကိုယ်ကလည်း စိတ်ကို ဖော့ပြီး ဖတ်နေရတာ
စိတ်မကောင်းဖြစ်မိတာ အမှန်ပါ
ဒီမြေစာပင် စာအုပ်က
ဘယ်လို လူပဲဖြစ်ဖြစ်
အခုခေတ် အခုချိန်တွေက ပိုပြီး
ဖတ်လို့ ကောင်းတဲ့ စာအုပ်ပါ
ကြိုသတိပေးချင်တာကတော့
ဆရာလင်းခါးရဲ့ စမ်းရေကြည်နု ဖတ်ပြီး
ဒီ မြေစာပင် နဲ့
ဆက်တိုက် မဖတ်ဖြစ်ပါစေနဲ့ လို့
ကြားထဲမှာ ဆရာမချိုပိန်းနောင်ရဲ့ ၁၀လွှာ လိုမျိုးလေးပါ ကြားချ ပြီး ဖတ်ဖို့
အကြံပြုပါတယ်
ဒီစာအုပ် ဖတ်ပြီးရင်တော့
ကုသိုလ် လုပ်ဖို့
ကလေးတွေ ဘယ်လောက် ဒုက္ခရောက်နေတာမျိုး
မရှာပဲ
ကလေးတွေ ဘယ်လောက် ထူးချွန်သွားတဲ့သူ
ရှိလဲ ပဲ ကြည့်ပြီး လှူဖို့
တွေးမိမယ်လို့ ထင်ပါတယ်
(အော် ဘာသာရေး အစွန်းရောက်တွေဆိုရင် ဒီစာအုပ်မဖတ်သင့်ပါ)
#mhrands
#mhreviewandsharing

Comments
Post a Comment