ကြည်အေး - တမ်းတတတ်သည်။
* ကြည်အေး တမ်းတတတ်သည် *
ဟိုတစ်နေ့က
ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ ရှာနေရင်းနဲ့
ကြည်အေး ဆိုတဲ့ နာမည်တွေ့တာနဲ့
ယုံကြည်စွာ ရွေးချယ်ခဲ့လိုက်တာပါ
စာအုပ်လေးက
ပုံမှန်မျက်နှာဖုံလေး ကြည့်ရင်တော့
ပုံမှန် အချစ်ဝတ္တုလေး လို့ ထင်မိကြမှာပါ
တကယ် ဖတ်ကြည့်တော့
အချစ်ဝတ္ထုပုံစံကြီးမျိုး မဟုတ်ပဲ
အချစ်တွေရော
နိုင်ငံရေးတွေရော
လူ့သဘောသဘာဝတွေရော
စိတ်ခံယူချက်တွေရော
အလွမ်းတွေရော
အမျိုးမျိုးခံစားလို့ ရတဲ့ စာအုပ်လေး ပါ
စာအုပ်ရဲ့ ဇတ်လမ်းလေးက
၁၉၃၀ လောက်က ဇတ်လမ်းပုံစံမျိုး ဖြစ်ပေမယ့်
အခု ခေတ်အနေနဲ့လဲ ခံစားလို့ရတဲ့
လိုက်ဖတ်နေတဲ့ ဇတ်လမ်းပါပဲ
အလွမ်းအဆွေးဓါတ်ခံ ရှိတဲ့သူဆိုရင်တော့
Titleလေး အတိုင်းပဲ
တမ်းတစရာ မရှိရင်တောင် တစ်ခုခုကို
လုံးဝ တမ်းတနေရမှာ အမှန်ပါပဲ
ဒီစာအုပ်မှာတော့
အဓိက ဇတ်ကောင်နှစ်ယောက်ဖြစ်တဲ့
၁၉နှစ်သား လူငယ်လေး "အပါ" ဆိုတဲ့ ကောင်လေးနဲ့
ကောင်လေးထက် အသက်ကြီးတဲ့ "ထိပ်တင်မထွေး" ဆိုတဲ့ လူငယ်နှစ်ဦးရဲ့
စိတ်နေသဘောထား ခံစားချက်တွေနဲ့
စာအုပ်တစ်အုပ်လုံးကို
အသက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်
စစခြင်းမှာ " အပါ "ဆိုတဲ့ ကောင်လေးက
လုံးဝ လွမ်းဆွတ်တမ်းတနေကြောင်းကို
ရသစုံလင်စွာ ဖော်ပြနေပြီး တော့
တမ်းတတတ်သည် ဆိုပေမဲ့လဲ
တကယ်တမ်း ဆရာမကြည်အေးရဲ့
ဇတ်ကောင်က "ထိပ်တင်မထွေး"ဆိုတဲ့ ကောင်မလေးဆီကို
ဆွဲခေါ်သွားခဲ့တာပါ
ဆရာမကြည်အေးက
မထွေးဆိုတဲ့ ကောင်မလေးရဲ့
စိတ်နေသဘောထားကို အဓိက အားကျ အတုယူတတ်အောင်
ရေဖွဲ့ထားတာ မျိုးဖြစ်ပြီး
Overဖြစ်နေတာမျိုးလည်း မရှိဘူး
ခုလို အချိန်မှာ စာဖတ်ရတာ ကြိုက်တဲ့သူဆိုရင်
ဆရာမကြည်အေးရဲ့ တမ်းတတတ်သည် ဆိုတဲ့
စာအုပ်လေးက ဖတ်သင့်တဲ့ စာအုပ်လေး
ဖြစ်ပါတယ်
နေရာမျိုးစုံကနေ ခံစားလို့ရတဲ့ စာအုပ်လေးဖြစ်တဲ့အတွက်
နိုင်ငံရေးသဘောကျသူတွေ
အလွမ်းအဆွေးကြိုက်သူတွေ
ဘဝဖြတ်သန်းနည်း-ဘာညာ ကြိုက်သူတွေ
အားလုံး ဖတ်သင့်တဲ့ စာအုပ်ဖြစ်မှာပါ
Motivateဖြစ်စေတဲ့ စာအုပ်လေးလဲ
ဖြစ်ပါတယ်
#mhreviewandsharing
#mhrands

အရမ်းကြိုက်တယ်
ReplyDelete