ကိုစိုးထိုက်(ဖဒို)-ဖားစည်သံအမှန်တို့ လွင်ပါစေ
ဖားစည်သံအမှန်တို့ လွင်ပါစေ ကိုစိုးထိုက်(ဖဒို) စာအုပ်ရဲ့ အခန်း(၁) မှာ ကတည်းကတိုင် ဤစာအုပ်အား လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲကြီးသော အမည်းရောင် နှလုံးသားပိုင်ရှင်များ ဖတ်ရှုရန် မသင့်ပါ။ ဆိုပြီး ရေးထားတာပါ ဖတ်ရှုရန် မသင့်ပါ ဆိုပေမယ့် စွဲ တွေကို ဖတ်ကြည့်စေချင်ပါတယ် ဖားစည်သံ က ဖြစ်ရပ်မှန် ဝတ္တု သီးသန့် မဟုတ်ပေမယ့် ဖြစ်နေတာတွေ အပေါ် အခြေခံ ထားတဲ့ ဝတ္တုပါ ဖားစည်သံက ကရင်ပြည်နယ်ရဲ့ အလှတရားတွေ အကြောင်း ရေးထားတာ ကို ဖတ်ရမဲ့ စာအုပ်မျိုး မဟုတ်ပါဘူး ပြည်တွင်း စစ် ရဲ့ ဆိုးကြိုး ပြည်တွင်းစစ်မှာ ရှိနေကြတဲ့ တိုင်းရင်းသား တွေရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း ကို ဝမ်းနည်းစွာ ဖတ်ရမှာပါ ပြီးတော့ ဖားစည်သံ က ဘာသာရေး ကိုးကွယ်ယုံကြည်မှု များစွာ ကို ရေးပြထားပြီး မည်သူမဆို လူကို လူလို့ပဲ မြင်ရပါမယ် အမျိုးအစား ခွဲခြားတာ ဟာ အပေါင်း လက္ခဏာ ဆောင်မဲ့ လုပ်ဆောင်ချက် မဟုတ်ပါဘူး အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင် ခေါင်းဆောင်တွေတင် သာမက လူတွေအားလုံးက အစွဲတွေ အားလုံးဖြုတ်ချပြီး နားလည်ဖို့ လိုအပ်ပါတယ် တစ်ခါတလေ အချို့ တိုင်းရင်းသားတွေက အ...